မြောက်ဥက္ကလာပ ဇွန် ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများစာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ အစုအဖွဲ့နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ စာပေမှအသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရေးသူဖတ်သူ စာပေဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်း (သိန်းဝင်းဇော်) က စာရေးဆရာအောင်သင်း၏ နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ်ပါအကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ပြီး၊ စာရေးဆရာ ဦးအောင်ရှိန် (ရဲအောင်ရှိန်က စာအုပ်ပါ ဆွေးနွေးချက်များ အားဝေဖန် အကြံပြုဆွေးနွေးခဲ့ပြီး၊ စာရေးဆရာ ဒေါ်သူဇာလှိုင် (ရဲဝင့်သူ) က ဆွေးနွေးချက်များအား သုံးသပ်တင်ပြခဲ့ ကြောင်း သိရသည်။
လှလှထွေး(၊ပြန်/ဆက်)