ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်

 

ငါ့သရောက်မြို့ ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများမမေ့မလျော့သိရှိလိုက်နာနိုင်စေရန် အသိပညာပေးနှိုးဆော်ခြင်းများကို မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ်​ဖြစ် လည်းကောင်း (Hand Speaker) ဖြစ်လည်းကောင်း အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက ဇွန်(၁၀)ရက်နေ့ နံနက်(၁၀)နာရီကလည်း (Hand Speaker)ဖြင့် ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ပေါ့စမှုမရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းများကို အပတ်စဉ်အရှိန်အဟုန်မပျက်ဆောင်ရွက်ပေးလျက်ရှိပြီး၊ အသိပေးနှိုး ဆော်ရာတွင် ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း အဝတ်နှာခေါင်းစည်း(Mask)များ မဖြစ်မနေတတ်ဆင်ကြရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် ဆပ်ပြာဖြင့်စနစ်တကျဆေးကြောရန်၊ လူစုလူဝေးရှိသည့်နေရာများသို့ သွားလာမှုကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်နှင့် မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူများတွင် မသင်္ကာဖွယ် ကျန်းမာရေးဆိုင်ရာလက္ခဏာများတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပို့အကြောင်းကြားရန်နှင့် စစ်ဆေးကုသမှုများ အမြန်ဆုံးခံယူကြရန်တို့ကို ပြည်သူများ မမေ့မလျော့ လိုက်နာကျရန်စသည်တို့ကို အသိပေးဆောင်းရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ဆက်)