ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ဗီဇ‌ပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်

ကြာအင်းဆိပ်ကြီး ဇွန် ၁၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်က အမှတ် ၆ ရပ်ကွက်ရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာ၌ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြပါရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းအား စနစ်တကျတပ်ဆင်ကြပါရန်၊ ချောင်းဆိုးနှာချေပါက တံတောင်ဆစ်ကွေးနှင့် ပါးစပ်နှာခေါင်း အုပ်၍ ဆိုးကြပါရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များကို ဖွင့်ထားကြပါရန်၊ လက်ကို စနစ်တကျ စက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောကြပါရန်၊ တက်နိုင်သမျှ အိမ်တွင်းမှာသာနေထိုင်ကြပါရန်၊ လူစုလူဝေးရှိသည့် နေရာများသို့ တက်နိုင်သမျှသွားလာခြင်းမှ ရှောင်ရှားကြပါရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာ ဖြစ်ပေါ်ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်သွားရောက်ပြီး ရောဂါစစ်ဆေးမှုခံယူကြပါရန်၊ ရောဂါကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများအား အကြိမ်ပြည့်မပျက်မကွက်ထိုးနှံကြပါရန် စသည့် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)