ဒဂုံတောင် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါစတင်ပျိုးရက်၊ သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ အစရှိသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက မျောက်ကျောက်ရောဂါသတိပြုစရာ ရောဂါလက္ခဏာ များ၊ တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်တက်မှု အခြေအနေများ၊ ဖျားပြီး (၁)ရက်မှ (၃)ရက် အတွင်း ဖြစ်ပေါ်တက်သည့် လက္ခဏာများ၊ ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ရမည့် နည်းလမ်းများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းကို ဆက်လက်ဆွေးနွေးပြောကြား ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်မှုများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွင့်ဆောင်ရွက်ထားရှိပြီး အများပြည်သူဗဟုသုတရရှိစေမည့် အသိပညာပေး အစီအစဉ်များလည်း ဆက်လက်ပြုလုပ်ဆာင်ရွက်သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)