စဉ့်ကူး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မျောက်ကျောက်ရောဂါ (Monkeypox)နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများဖြစ်သည့် (Monkeypox) ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသည့် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် လူ၏အနာများ အညစ်ကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှ ကူးစက်ခြင်း၊ ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အချိန်အတော်ကြာထိတွေ့မိခြင်း၊ ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံး အဆောင်ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှတစ်ဆင့် ကူးစက်ခြင်းစသည့် အချက်များ၊ မျောက်ကျောက် ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများဖြစ်သည့် လတ်တလောဖျားခြင်း၊ အနီစက်၊ အရည်ကြည်ဖုထွက်ခြင်း၊ ပြန်ရည်ကြိတ်များကြီးခြင်း၊ ခေါင်း ကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းစသည့်အချက်များ၊ မျောက်ကျောက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများဖြစ်သည့် မျောက်ကျောက်ရောဂါ လက္ခဏာခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး (၆၀)% ပါဝင်သော ရေမလိုလက်သန့်ဆေးရည် အသုံး ပြု၍ စနစ်တကျဆေးကြောခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပြီး နှာချေချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပုဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အသားစိမ်းများကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးခြင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် အကာအကွယ်မရှိ ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရေးဆောင်ရွက်ခြင်း စသည့်အချက်များ၊ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုကြောင့် ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာပြပုံများ၊ အသိပညာပေးပိုစတာများစသည့် သိမှတ်ဖွယ်ရာများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)