သံတောင်ဒေသထွက် ကနစိုးသီးများ ခူးယူရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိ
May 13,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ယခုအချိန်ရာသီပေါ်သီးနှံတစ်ခုဖြစ်သော ကနစိုးသီးများ ခူးယူရောင်းချခြင်းဖြင့် ဒေသခံများ မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။ သံတောင်မြို့နေဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံထွက် သီးနှံများအနက် ကနစိုးသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။