(စူပါဘိုကာရှီ) သဘာဝမြေဩဇာပြုလုပ်သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့် ပဲပုတ်မျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

လွိုင်လင်  ဇွန်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အရှေ့အုပ်စု၊ တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးထားရှိသော မိုးစပါးအပင်ဖြစ်ထွန်းမှု အခြေအနေနှင့် ဓါတ်မြေဩဇာများ ဈေးနှုံးကြီးမြင့်ခြင်းကြောင့် တောင်သူများ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ ပြုလုပ်နိုင်သည့် ဘဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ကွင်းသရုပ်ပြပွဲအား ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။   

အဆိုပါကွင်းသရုပ်ပြပွဲသို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်း၊ ပြည်နယ်အဆင့် မြေ၊မျိုး၊ပိုးတာဝန်ခံများ၊ ခရိုင်ဦးစီးမှူး ဦးမိုးနိုင်နှင့် တာဝန်ရှိသူများသို့မှ လိုက်ပါကာ ပင်လုံမြို့ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများမှ ( စူပါဘိုကာရှီ ) ပြုလုပ်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းနှင့် ပင်လုံမြို့ဦးစီးမူးရုံး  ခြံဝင်းအတွင်း ပဲပုတ်မျိုးစေ့ ထုတ်စိုက်ခင်း၊ မိုးပဲတီစိမ်းမျိုးစေ့ ထုတ်စိုက်ခင်း၊ မြေပဲစိုက်ခင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များအား မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)