စဉ့်ကိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရန် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စဉ့်ကိုင် ဇွန် ၁၈        

မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊  မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ သိန္နီကုန်းကျေးရွာ အုပ်စု၊ သော်တာဝင်း တိုးဂိတ်တောင်ဘက်ထိပ်မှ ရတနာလင်္ကာရကျောင်းတိုက်၊ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်အထိ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးတင်းဝင်းစိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိ သူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက သတ်မှတ်နေရာအသီးသီးတွင်  တစ်ပျော် တစ်ပါး စုပေါင်း စိုက်ပျိုးခဲ့ကြပြီး မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ စိုက်ပျိုးခဲ့သည့် သစ်ပင်မျိုးများမှာ ကုက္ကိုလ်ပင်(၅၀)ပင်၊ စိန်ပန်းပင်(၅၀) စုစုပေါင်း (၁၀၀)ပင်အား စိုက်ပျိုးခဲ့ ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)