သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော် (၁၀၂၆၄)ပါးအား ဆွမ်း၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
May 13,2022
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ် (၂၅၆၆)ခုနှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော် (၁၀၂၆၄)ပါးအား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက် (၆) နာရီ က မန္တလေးကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များတွင် ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတမဟာဓမ္မိကာရာမ ကျောင်းတိုက် မိတ္ထီလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇနပီယ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မဟာဒမ္မိကာရာမတိုက် ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော ဆရာတော်ကြီးများ၊
ဖြူးမြို့နယ်တွင် ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းလှူမှုများဖြင့် ကုသိုလ်ယူ
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော်များကို ကျင်းပလျှက်ရှိရာ ယနေ့နံနက် (၉)နာရီ က ဖြူးမြို့ပေါ်ရှိ ရွှေကျင်တောင်ကျောင်းတိုက်အတွင်း သမိုင်းဝင်မဟာပုညမုနိ စေတီတော်မြတ်ကြီးတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ညောင်ရေသွန်းလောင်း လှူခဲ့ကြကြောင်း သိရသည်။
ကမာရွတ်မြို့နယ် Community Centre ၌ လူငယ်များအား ယဉ်ကျေးလိမ္မာစွာ နေထိုင်တတ်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကျင်းပ
May 13,2022
သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားကို လူငယ်လူရွယ် မောင်မယ်များသို့ ထိတွေ့၊ သိမြင် လက်ခံကျင့်သုံးနိုင်စေရန် မိမိ၏ပတ်ဝန်းကျင်ကို ကောင်းအောင်ဆက်လက် လိုက်နာ နားလည်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက် ၉:၀၀နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေး၊လူငယ် ယဉ်ကျေးလိမ္မာ အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် ၄ နှစ်သင် ပထမနှစ်ဝက် သင်တန်းများ စတင်ဖွင့်လှစ်သင်ကြား
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားရှိသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်တန်း တက်ရောက်ရန် ကျန်ရှိသူများအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ၄ နှစ်သင်ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် အသီးသီး၌ ကျောင်းသား၊ကျောင်းသူများ တက်ရောက်
May 13,2022
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့ရှိ ပြည်တက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)နှင့် ပြည်ပညာရေး ဒီဂရီကောလိပ်တို့အား ယမန်နေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပြီဖြစ်ရာ အဆိုပါ ကျောင်းအသီးသီး၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက် ရှိကြောင်း သိရသည်။
ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ကဆုန်ညောင်ရေသွန်းပွဲတော်အကြို သန့်ရှင်းရေးဆောင်ရွက်
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ သုံးထပ်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက ကဆုန်ညောင်ရေသွန်းပွဲကို ကြိုဆိုသောအားဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့မှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ စု‌ပေါင်း ဆောင်ရွက်
May 13,2022
ပဲခူးတိုင်းဒေသကြီ၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။