ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်ပင်ပေါင်း ၃၇၀,၀၀၀ ကျော်စိုက်ပျိုးမည်
May 13,2022
ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်ပင်ပေါင်း ၃၇၀,၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားပြီး ရှင်သန်ကြီးထွားရန် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ယနေ့နံနက် ၇ နာရီခန့်က ဘားအံမြို့၊ ဂေါက်ကလပ်၌ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောကြားသည်။