ကျေးသီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ကျေးသီး ဇွန်  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ၊ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်ပြပွဲကိုယမန်နေ့နေလယ်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းမှ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊  မူးယစ်ဆေးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများနှင့် မသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန် စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး  ကျောင်းသားကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများနှင့် အခြားအသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းနှင့်စာအုပ်များ ခင်းကျင်းပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သဲစုပိုင် (ကျေးသီး)