ရွှေဘိုမြို့တွင် နယ်မြေဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရွှေဘို ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ဘုန်းကုန်းကျေးရွာသို့ နယ်မြေဒေသဖွံ့ဖြိုး ရေး၊ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် တာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် နယ်မြေအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုဘဝများဖွံ့ဖြိုး တိုးတက်စေရေး တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ​ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ဒေသခံပြည်သူများအား အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံခြင်း၊ ကျေးရွာရှိ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

​​ထို့​နောက် ကျေးရွာသူ၊ ကျေးရွာသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးဝါးများ ကုသပေးခြင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်ပြီး အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ကျောင်းသား၊ ကျောင်းသူ များအတွက် ငွေကျပ်(၁)သိန်း ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဦးမျိုးဦး (ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့) တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်