တုံတာမြို့၌ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ဆောင်ရွက်

တုံတာ ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှု အစီအစဉ်ကို ယနေ့ နံနက်(၉)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးများ အကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာနိုင်သော ဆိုးကျိုးများ၊ ဘိန်းအမျိုးမျိုး၊ သုံးစွဲခြင်းဖြင့် ရရှိလာ နိုင်သည့် ဆိုးကျိုးများ၊ စိတ်ကြွဆေးပြားများအကြောင်း၊ စိတ်ကြွဆေးပြားသုံးစွဲခြင်းဖြင့် ရရှိလာနိုင်သော ဆိုးကျိုးများနှင့် တွေ့ရှိပါကပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို တုံတာမြို့၊ စခန်းမှူး ရဲအုပ်စိုးမင်းထွန်းက အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရရသည်။

အဆိုပါ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ရိုက်ကူးလွှင့်တင် ဆောင်ရွက်မှု အစီအစဉ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဲန်းမေရီ (ပြန်/ဆက်)