သတင်းများ

ကြံခင်းမြို့၌ အစိုးရပါဠိပထမ ပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာ ကျေးရွာစာကြည့်တိုက်များအား ကွင်းဆင်းစစ်ဆေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာကျေးရွာ စာကြည့်တိုက်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှင်သန်ခိုင်မာ စံညီစာကြည့်တိုက် (၂)တိုက်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကဆုန်လပြည့်အကြောင်း သိကောင်းစရာ Talk Show ကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် ကဆုန်လပြည့်အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့ နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နေရပ်ပြန်သူများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့ပေးခြင်း လုပ်ငန်းများ မြန်ဆန် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းပါဝင်သူများအား ဂုဏ်ပြုချီးမြှင့်
May 12,2022
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီတိမ်းရှောင် စခန်းနေပြည်သူများ နေရပ်ပြန်ခြင်းနှင့် အသက်မွေးဝမ်း းကျောင်းဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်လတ်၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၇) နာရီအချိန်ခန့်က ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမ ပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား  ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ် Clean City, Green City, Smart City ဖြစ်ပေါ်လာစေရေး အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးများဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီအချိန်ခန့်မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းဆောင်ရွက်နေကြ မြို့ Clean City, Green City, Smart City ဖြစ်ပေါ်လာစေရေး အတွက်အမှိုက်ကောက် သန့်ရှင်းရေး များ ဆောင်ရွက်ကြသည်။
ဓနုဖြူမြို့နယ်၊ Grade 5 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(၁)ဓနုဖြူတွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 5 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။
ဗန်းမော်မြို့နယ် မံရေးကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း
May 12,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခေတ်မီစံပြ‌ကျေးရွာ (SMART VILLAGE) အကောင်အထည်ဖော် ဆောင်ရွက်သည့် ဗန်းမော်မြို့နယ် မံရေးကျေးရွာ၌ ယနေ့ နံနက် ၁ဝ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။