ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေး

ပုသိမ် မေ

ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားကာ အလုပ်အကိုင်အခွင့် အလမ်းနှင့် နည်းပညာများ ရရှိလာကာ ဆင်းရဲနွမ်းပါးမှု လျော့ကျလာပြီး မြစိမ်းရောင်အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ယမန်နေ့များမှ စတင်ကာ ပုသိမ်မြို့နယ်များတွင် စီမံကိန်းစက်ဝန်း စတုတ္တအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပုသိမ်မြို့နယ်ရှိ အနန်းကုန်းကျေးရွာ၊ ဝန်သေကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ကြီးပင်ကုန်းကျေးရွာများအား အသင်းသားဦးရေ (၃၂၆)ဦးအတွက် ချေးငွေစုစုပေါင်း ကျပ်(၁၀၃၂)သိန်းအား အဆိုပါ ကျေးရွာများတွင် မြို့နယ်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဌေးနိုင် ဦးဆောင်၍ တာဝန်ခံဝန်ထမ်များနှင့် အတူ ကျေးရွာများရှိ ရွာသူ/သားများထံသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ချေးငွေပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်