အင်္ဂပူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

အင်္ဂပူ မေ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အင်္ဂပူမြို့အခြေခံပညာ အထက်တန်းကျောင်း ငု‌ရွှေဝါခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။  

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းများအချိန်မီ ဖွင့်လှစ်နိုင်ရေးတို့အား ပြောကြားခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများမှ ဇာတိမာန်သီချင်းသီဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။        

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှထွဋ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုး တော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)