မိုးကောင်း မေ ၂၇
ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်း ယူဆောင်သွားလာခြင်းရှိ/မရှိကို ကချင် ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မြို့တော်ခန်းမရှေ့၌ ယမန်နေ့ နေ့လယ် (၁)နာရီတွင် ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဦးစီမှူးနှင့် မိုးညှင်းခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးLယော်ထုံတို့ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အတူ မိုးကောင်းမြို့ပေါ်သို့ ဖြတ်သွားဖြတ်လာသည့် ခရီးသည်စီးလိုင်းကားများ စီးနင်းလိုက်ပါသူများအား နိုင်ငံသားကတ်ပြား တစ်ပါတည်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ မြို့တွင်းသွားလာသူများကိုလည်း အသက်ပြည့်မီသူတိုင်း ပန်းခင်းစီမံချက်ဖြင့် သင့်တော် သော ကတ်တစ်မျိုးမျိုး လျှောက်ထားကိုင်ဆောင်ထားရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)