မအူပင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

မအူပင် မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော် နှင့် လက်ထောက်ပညာရေးမှူးများ၊ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၃၂၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၂ ကျောင်းမှ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား/သူများ၊ မိဘများ တက်ရောက် သည်။

အခမ်းအနားကို အထက ၁ ကျောင်းသား/သူလေးများက ကျောင်းသီချင်းသီဆိုအခမ်းအနား ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြား သည်။ ၎င်းနောက် ခရိုင်ပညာရေးမှူး ဒေါက်တာ သန္တာဆွေက ကျောင်းဖွင့်လှစ်သင်ကြား နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များနှင့် နိုင်ငံ တကာစံချိန်အတိုင်း ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေးဌာနက ချမှတ်ထားသော သင်ရိုးသစ်အတိုင်း စာသင်ကြားရုံမက အားကစား၊ ဂီတ၊ စာရိတ္တ၊ ပြည်သူ့နီတိ စသည်များကိုပါ သင်ကြားမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားအား အထက(ခွဲ)အလက(၁) ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်း သီဆိုဂုဏ်ပြုကြကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)