မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၁၉၃)ကျောင်း၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်‌ဆောင်ရွက်ပေး

မိုးညှင်း မေ  ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း (၁၉၃)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၆)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ပညာ သင်ကြားခွင့် ရရှိရေးအတွက် ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာတွင် အခြေခံ ပညာ အထက်တန်းကျောင်းတွင် (၁၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ အလယ်တန်း ကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၀)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း (၁၀၅)ကျောင်း၊ မူလတန်းကျောင်းခွဲ (၃)ကျောင်း၊ ဘုန်းတော်ကြီး သင်မူလတန်း ကျောင်း (၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၇)ကျောင်းစသည် ကျောင်းစုစုပေါင်း (၁၉၃)ကျောင်းတို့တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် စာသင်ကျောင်းများ၌ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)