ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ၊ ကရင် စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ

ငပုတော မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ၊ ကရင်စာပေ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ငပုတောမြို့တောင်ပိုင်း ရပ်ကွက်၊ မေတ္တာလမ်းရှိ အသင်းတော်ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လူငယ်လူရွယ်တို့ Social Media ၏ လွှမ်းမိုးမှုများကြောင့် လမ်းမှားမရောက်စေရေး​၊ ကျောင်းနေအရွယ်ကလေး များ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေးနှင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ သွေးလွန်တုတ်ကွေး ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါ ဝင်ဆောင်ရွက်ကြရန်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မှာကြားခဲ့သည်။

ဆက်လက်​​​ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးမှ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းမှတ်ပုံတင် ကိစ္စကူညီဆောင်ရွက်ပေးရန်၊ အခြေခံပညာကျောင်းများရှိ တိုင်းရင်းသား စာပေသင်ကြားပေးနေသော ဆရာ၊ ​ဆရာမများအား ကူညီဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ ထို့နောက် အသင်းအုပ်ဆရာ စောထူးနေမှိုင်းက သာသနာနယ်မြေစုရပ်အလိုက် အလိုက်ယခုလို တွေ့ဆုံပေးစေလိုကြောင်း ပြောကြားပြီး သက်ဆိုင်ရာ ခရစ်ယာန် ဘာသာဝင်ဓမ္မဆရာများ၊ ကရင်စာပေ​၊ ယဉ်ကျေးမှုအဖွဲ့ဝင်များက ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အသင်းအုပ်ဆရာ (၆၄)ဦး၊ ကရင်စာပေ ယဉ်ကျေးမှူး အဖွဲ့(၁၀)ဦး စုစုပေါင်း (၇၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော ပြန်/ဆက်)