လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၄) ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝေလွင်လွင်ကျော်မှ တက်ရောက်လာသော ကျောင်းသား / ကျောင်းသူများ အား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲလျင် ဖြစ်တတ်သော ရောဂါလက္ခဏာများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများသည် အသက်ပါသေဆုံးနိုင်ကြောင်း၊ စသည့်ရှောင်ရန်ဆောင်ရန်များအား  အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် နံရံကပ်စာစောင် အားပြသခဲ့ရာ  ကျောင်းသား / ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝေလွင်ကျော်(ပြန်/ဆက်)