သတင်းများ

ပြည်ကြီးမဏ္ဍိုင်မြို့တွင် Mobile  Library  စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းမှုအား ကွင်းဆင်းဆောင်ရွက်
Jun 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည်  ပြည်သူများ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့်  ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊အမှား နှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့်စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁  နာရီအချိန်ကမီးသတ်ဦးစီးဌာနသို့ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်းမှုအားကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (တတိယ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနား ကျင်းပ
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်း ရာသီနှစ်အတွက် (တတိယ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်
သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန၌ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 20,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး “ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk. Show) ကို ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။
မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်း ဟောပြောဆောင်ရွက်
Jun 20,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကြီးမှူး၍ မြို့နယ်အတွင်းကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အသိပညာပေး ဟောပြောခြင်းများကို ယမန်နေ့က မအီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန သင်တန်းကျောင်းများ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 20,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းမင်းပြားမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ နွေရာသီတွင် အရိပ်ရရှိရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၉ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းများတွင် တပြိုင်နက်ကျင်းပပြုလုပ်သည်။
ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Jun 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် ယနေ့ နံနက် ၁ဝ နာရီက အမျိုးသမီး အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး (Talk Show ) ကျင်းပပြု လုပ်ကြောင်းသိရသည်။