မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် သစ်ပင်စိုက် ပျိုးပွဲ ကျင်းပ

မုဒုံ ဇွန် ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့ အထိမ်းအမှတ်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်တစ်လုံးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ စိုက်ပျိုးခဲ့ ကြောင်း သိရသည်။

မုဒုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရန်အတွက် မန်ဂျန်ရှားအပင်( ၁၅၀)၊ စိန်ပန်းကြီးအပင် (၁၀၀)၊ ယူကလစ်အပင် (၁၀၀)၊ စိန်သခြူအပင်(၁၅၀) စုစုပေါင်းပျိုးပင်(၅၀၀) ကို  မော်လမြိုင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးထင်အောင်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများတို့က စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း ( ၃၅၀၀၀ )ကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇောအောင်ထံမှ သိရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)