ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် ဇွန်၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲ()နာရီခွဲက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိးက နောင်တစ်ချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ခေါင်းဆောင်မည့် လူများသည် ကျောင်းသား/ကျောင်းသူများ ဖြစ်သည့်အတွက် ကျောင်းနေအရွယ်တွင် ပညာကိုကြိုးစား သင်ယူသွားကြစေလိုကြောင်းနှင့် ကလေးဆိုသည်မှာ နိုင်ငံတော်၏အနာဂတ်များဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်သည် ကလေးငယ်များ၏ လက်ထဲတွင်ရှိကြောင်း၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးစေရန်အတွက် ကလေးသူငယ်များထက်မြက်မှဖြစ်ကြောင်း၊ ကလေးများအရည်အချင်းရှိမှ အရည်အသွေး ပြည့်ဝသည့် နိုင်ငံဖြစ်မှာဖြစ်ကြောင်း၊ ထို့ကြောင့်စားဝတ်နေရေးလိုအပ်ချက်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကလေးအလုပ်သမားများမဖြစ်အောင် နေထိုင်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးသူငယ်များ၏အသက်အရွယ်၊ အလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်များ၊ ကလေးအလုပ်သမားများ၏အလုပ်ချိန် ကန့်သတ်ချက် ဥပဒေများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ၂၀၁၉ မှ ၂၀၂၃ ခုနှစ် ပထမငါးနှစ် စီမံချက်ရည်မှန်းချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပြီး အမှတ်အရလက်ဆောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)