သတင်းများ

ချောင်းသာမြို့အတွင်းရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၁၃၀၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးစီး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူ (၁၃၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
May 12,2022
ဧရယာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဌာနဆိုင်ရာဝန်ထမ်း များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
မချမ်းဘော့မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၁၀၁၈)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး
May 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အ‌ခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Phase -11 (First Dose) ကို ဇွန်လ ၃ရက်နေ့မှ စ၍ သတ်မှတ်ထားသည့်‌ နေရာများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ၌ အထကခွဲ နမ်ခမ်ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့များမှ စာရေးဆရာချစ်စံဝင်း ရေးသား သော "ဘယ်တော့မှ......ဇွဲမလျှော့ပါနဲ့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး
May 12,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် မြစ်ကြီးနားမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ အသက် (၅)နှစ်မှ အသက် (၁၂)အထိ ကျောင်းသားကလေးငယ်များကို ကိုဗစ်-၁၉ ‌ကာကွယ်ဆေးထိုးနှံပေးနေမှုကို ယနေ့ နံနက် ၉ နာရီခွဲက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
May 12,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၃၁၂.၈၄၀) သန်းဖြင့် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော အမှတ် (၁၅)ယာဉ် ထိန်း ရဲဒုတပ်ဖွဲ့ခွဲ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦအား ယနေ့ နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျိုက်လတ်၌ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးငါးသယံဇာတထိန်းသိမ်းပေး ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ စျေးရှေ့၊ လှည်းဆိပ် တံတားအနီးတွင် ငါးမျိုးပြုန်းတီးမှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖျာပုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့ နံနက်(၈)နာရီအချိန်၌ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးရေးငါးသယံဇာတထိန်းသိမ်းပေး ပိုစတာစိုက်ထူခြင်းနှင့် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။    
မိုးမောက်မြို့၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် မြို့နယ်တိုင်းရင်းဆေး ကုဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကျန်းမာရေး အသိပညာ ဗဟုသုတရရှိရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။