မချမ်းဘော့ ဇွန် ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase -11 (First Dose) ကို ဇွန်လ ၃ရက်နေ့မှ စ၍ သတ်မှတ်ထားသည့် နေရာများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ၌ အထကခွဲ နမ်ခမ်ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြားရှိ ဆေးထိုးနှံရန် လျာထားစာရင်းမှာ (၁၁၁၉)ဦးရှိသည့်အနက် ဇွန်လ ၈ ရက်နေ့အထိ ထိုးနှံပြီးသူ (၇၅၁) ဦးနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများ(၂၆၇)ဦး စုစုပေါင်း (၁၀၁၈)ဦး ထိုးနှံပြီးခဲ့ပြီး ထိုးနှံရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဉာဏ်လင်းထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ Volunteer များနှင့် မြို့နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်