ကြံခင်းမြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကြံခင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့များမှ စာရေးဆရာချစ်စံဝင်း ရေးသား သော "ဘယ်တော့မှ......ဇွဲမလျှော့ပါနဲ့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းမှ စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်မှ  အလေ့အထ ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများရရှိပြီး ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ဆွေးနွေးမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက စာရေးဆရာချစ်စံဝင်း ရေးသားသော "ဘယ်တော့မှ......ဇွဲမလျှော့ပါနဲ့" စာအုပ်မှ မိမိရည်မှန်းထားသော ပန်းတိုင် မရောက်မချင်း စိတ်ဓာတ်မကျဘဲ ဇွဲရှိရှိဖြင့် အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်း တတ်နိုင်ရန် ရေးသားထားခြင်းကို ဦးဆောင်ဆွေးနွေးသည်။

ထိုနောက် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များမှ ဆွေးနွေးချက်အပေါ် မိမိတို့၏ သဘောထားအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)