ပုသိမ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဌာနဆိုင်ရာ ဝန်ထမ်းသားသမီးများသည် အခြေခံ ပညာနှင့် အဆင့်မြင့်ပညာများကို တက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်း အမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာမှာ အခြေခံပညာဟာ အလွန်အရေးကြီး ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံ ရမှာဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် အဓိကအကျဆုံးဖြစ်၍ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး တိုက်တွန်းပြောကြားခဲ့ရာ တိုင်းဒေသကြီးအတွင်း ယနေ့အထိအခြေခံပညာကျောင်းများ တွင် ၁၀၂၇၆၀၉ ဦး ကျောင်းအပ်နှံခဲ့ပြီး ၉၈၅၁၆၉ ဦး တက်ရောက်သဖြင့် ကျောင်း တက်ရောက်မှု ၉၆% ခန့် ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန် စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှု အရည် အသွေးမြင့်မားစေရေး၊ အခြေခံပညာမှ တစ်ဆင့် အဆင့်မြင့်ပညာများ၊ အသက်မွေးဝမ်းကြောင်း ပညာများကို ဆက်လက်သင်ယူနိုင်ရေး ဆရာ၊ ဆရာမများ၊ မိဘများအနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင်တိုးတက်သည့် နိုင်ငံ များကိုကြည့်လျှင် နိုင်ငံ၏ ပညာရေးစနစ်နှင့် ၎င်းပညာရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအား အရင်းအရင်းအမြစ်များ၏ ပညာအဆင့်မြင့်မားမှုကို တွေ့ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် တက္ကသိုလ် အသီးသီးတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား ဝန်ကြီးချုပ်က ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်ဆင့်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)