မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် မြစ်ကြီးနားမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ အသက် (၅)နှစ်မှ အသက် (၁၂)အထိ ကျောင်းသားကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ယနေ့ နံနက် ၉ နာရီခွဲက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းခန်းမဆောင်၌ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသားကလေးများအား ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်မှ ဆရာဝန်၊ သူနာပြုများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် စာရင်းကောက်ယူခြင်း၊ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို အားပေးကြည့်ရှုခဲ့ကြကာ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြ သည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းကို ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ လျာထားကျောင်းသားဦးရေ (၉၉၆၃၈)ဦး ရှိသည့်အနက် ယမန့်နေ့ကအထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူဦးရေ (၃၆၁၈၅)ဦးအထိ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်