ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန် ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၃၁၂.၈၄၀) သန်းဖြင့် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော အမှတ် (၁၅)ယာဉ် ထိန်း ရဲဒုတပ်ဖွဲ့ခွဲ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦအား ယနေ့ နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ် အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး၊ ပြည်နယ်ယာဉ်ထိန်းရဲတာဝန်ခံ ရဲမှူး စောဟန်သက်မောင်တို့နှင့် အတူ တင်ဒါအောင်မြင်ခဲ့သော ရွှေရတနာတိုးရွှင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် (၆၁ ပေ × ၅၀ ပေ)ပေရှိ (၄)ခန်းတွဲ (၄)ထပ် RC အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ ခရိုင်အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ စစ်ဆေးတွေ့ရှိမှုအပေါ် အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက တင်ဒါလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်