သတင်းများ

မိုးမိတ်မြို့နယ်  Community Centre  တွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်တို့အတွက်ရည်ရွယ်၍   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မေ ၂၀ ရက် နေ့လည်  ၁ နာရီအချိန်က သဘာဝဘေး အန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပ
May 12,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အမှတ်(၄)ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ မြေကွပ်လပ်တွင် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီက သစ်ပင်စိုက်ပွဲ ကျင်းပခဲ့သည်။
‌‌နောင်ချိုမြို့၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၃/၂၀၂၂) ဆင်းပွဲကျင်းပ
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးရပ်ကွက်ဓမ္မာရုံ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဆင်းပွဲကို ယမန်နေ့ညနေ(၄:၃၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများလစဉ် ပုံမှန်ထုတ်ပေးလျက်ရှိ
May 12,2022
မြန်မာနိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန် ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။
ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး 
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား မေ ၂၃ ရက် နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
မိုးနဲမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အိုးအိမ်ဦးစီးဌာနခန်းမ၌ “ဇီဝမြေဩဇာပြုလုပ်နည်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်း” သင်တန်းဖွင့်လှစ်
May 12,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အိုးအိမ်ဦးစီးဌာနခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှကြီးမှူး၍ “ဇီဝမြေဩဇာပြုလုပ်နည်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်း” ကို သင်တန်းသား/သင်တန်းသူ (၂၅)ဦးဖြင့် ၂၀၂၂ခုနှစ်၊ မေလ ၂၂ရက်နေ့မှ ၂၄ ရက်နေ့ထိ (၃)ရက်အခမဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။