မိုးမိတ်မြို့နယ်  Community Centre  တွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိုးမိတ် မေ ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်တို့အတွက်ရည်ရွယ်၍   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မေ ၂၀ ရက် နေ့လည်  ၁ နာရီအချိန်က သဘာဝဘေး အန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်ကသဘာဝကြောင့်ဖြစ်ပေါ်လေ့ရှိသော လေဘေး၊ ရေဘေး၊ မြေပြိုဘေးများ၊ မိုးကြိုးဘေးနှင့် လျှပ်စစ်အန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ် စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြဘုတ်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)