မိုးနဲ မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ မေလအတွက် ပင်စင်လစာငွေများကို နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်း မြို့ပြအငြိမ်းစား ပင်စင်စား ၁၅၉ ဦး၊ ကာကွယ်ရေးအငြိမ်းစား ပင်စင်စား ၁၅၁ ဦး နှင့် နိုင်ငံရေးပင်စင်စား ၂၄ ဦး စုစုပေါင်း(၃၃၄) ဦးရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)