ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အိုးအိမ်ဦးစီးဌာနခန်းမ၌ “ဇီဝမြေဩဇာပြုလုပ်နည်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်း” သင်တန်းဖွင့်လှစ်

နမ့်ဆန် မေ ၂၃ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အိုးအိမ်ဦးစီးဌာနခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှကြီးမှူး၍ “ဇီဝမြေဩဇာပြုလုပ်နည်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်း” ကို သင်တန်းသား/သင်တန်းသူ (၂၅)ဦးဖြင့် ၂၀၂၂ခုနှစ်၊ မေလ ၂၂ရက်နေ့မှ ၂၄ ရက်နေ့ထိ (၃)ရက်အခမဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဇီဝမြေဩဇာပြုလုပ်နည်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြခဲက တနိုင်တပိုင် (သို့) စီးပွားဖြစ် မွေးမြူရာတွင်စွန့်ပစ်ပစ္စည်းများ (အထူးသဖြင့်တိရစ္ဆာန်ချေး)ဖြင့် ဇီဝမြေဩဇာပြုလုပ်၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုပါက ဓါတ်မြေဩဇာလိုအပ်မှုအား တဖက်တလမ်းမှ လျော့ချနိုင်စေရန်နှင့် စိုက်ပျိုးမွေးမြူရေးအား တွဲဖက်လုပ်ကိုင်နိုင်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဇီဝဓါတ်မြေဩဇာပြုလုပ်နည်း အဆင့်ဆင့်နှင့် မြက်ချဉ်ဖက်ပြုလုပ်နည်း အဆင့်ဆင့်တို့ကို စာတွေ့၊ လက်တွေ့ရှင်း လင်းပြသပေးကာ သင်တန်းသား/သင်တန်းသူများမှ စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)