နောင်ချို မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးရပ်ကွက်ဓမ္မာရုံ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ဆင်းပွဲကို ယမန်နေ့ညနေ(၄:၃၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျောက်မဲခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက “ရှေးဦးပြုစုခြင်း သင်တန်း(၃/၂၀၂၂)သို့ အချိန်ပြည့်ကြိုးစားသင်ကြားကြသော သင်တန်းသား သင်တန်းသူများနှင့် သင်ကြားပြသပေးသောနည်းပြများအား ကျေးဇူးတင်ရှိကြောင်း၊ သင်တန်းမှရရှိသော အသိပညာများဖြင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုစေလိုကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသို့ အစာအဟာရများလှူဒါန်း ပေးသောအလှူရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း”ပြောကြားခဲ့ပြီး တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဦးက သင်တန်းသူ၊သင်တန်းသားများကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်း၌ထူးချွန်ဆုရရှိသော သင်တန်းသူ၊သင်တန်းများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း၊ သင်တန်းကာလအဖြစ် မေလ ၂၀ ရက်မှ မေလ ၂၂ ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ထွေးငယ်၊ပြန်/ဆက်