သတင်းများ

ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်  ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း( Book Club)နှင့် အမျိုးသမီးအသင်း(Women Club)တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် (၂၁)ကြိမ်မြောက်အသံမစဲမဟာပဌာန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 12,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်  ဘုရားကြီးကျေးရွာအုပ်စု၊ အောက်ဘုရားကြီးကျောင်းတိုက်၌ ကျေးရွာသူ ကလျာဏနွယ်ဝင် သူတော်ကောင်းတို့ပေါင်းစုကာ (၂၁)ကြိမ်မြောက်  အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ  အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က အောက်ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးများဉာဏ်ရည်မြင့်မားစေရန် စကားပုံဆက်ပြိုင်ပွဲ ကျင်းပဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်လွဲ(၁:၃၀)နာရီအချိန်က မူလတန်းကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုင်း‌ငေါ့မြို့တွင် မိုးသီးနှံစံပြကွက်စိုက်ပျိုးမည့်  တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးကွင်းဆင်းကြည့်ရှုစစ်ဆေး
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးမြို့နယ်အတွင်းရှိ  ကျေးရွာစာကြည့်တိုက်များ  ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့  နံနက်ပိုင်းအချိန်က   လားရှိုးခရိုင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊      ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
May 12,2022
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့ နံနက် ၁၀:၀၀ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။