နွားထိုးကြီး မေ ၂၁
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အမှတ်(၄)ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ မြေကွပ်လပ်တွင် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီက သစ်ပင်စိုက်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့တို့ဖြင့် စုစုပေါင်း အင်အား(၉၀)ဦး တက်ရောက်၍ ယူကလစ် (၅၀)ပင်၊ တမာ (၅၀)ပင်၊ မယ်ဇလီ (၄၀)ပင်၊ စိန်ပန်း (၃၀)ပင်၊ ယင်းမာ (၃၀)ပင် စုစုပေါင်း (၂၀၀)ပင်အား စိုက်ပျိုးကြကြောင်းသိရသည်။
သန်းအောင်ဇော်