ပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများလစဉ် ပုံမှန်ထုတ်ပေးလျက်ရှိ

ပင်းတယ မေ ၂၃

မြန်မာနိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန် ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။

ပင်စင်လစာငွေများ လာယူထုတ်ယူသူများအနေဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီmask တပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောခြင်းဖြင့် ငွေထုတ်ယူစေကြောင်းနှင့် အခြေအနေအကြောင်းကြောင်းကြောင့်  ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊  ပင်းတယမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင် လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလူဦးရေ စုစုပေါင်း(၆၈၃)ဦးရှိကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူသူများ ငွေထုတ်ယူရာတွင်အဆင်ပြေ ချောမွေ့စေရေး ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

အေးအေးလတ်