ရွာငံ မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား မေ ၂၃ ရက် နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် စနစ်တကျရှိစေရန် ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ ပင်စင်ထုတ်ယူရာတွင် ရွာငံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားဝန်ထမ်း ၃၅၁ ဦးရှိပြီး ပင်စင်စာများ အဆင်ပြေစေရေးအတွက် မေ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)