စမ်းချောင်း ဇွန်၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး maskများ မျှဝေခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ လင်းလွန်းမြောက်ရပ်ကွက်၊ သံတံတားရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလိုက်ပါ၍ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အသိပညာပေးပြောကြားခြင်း၊ ပိုးလောက်လန်း မပေါက်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ လက်ကမ်းစာစောင်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး maskများ မျှဝေခြင်းလုပ်ငန်းများတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို (၂၄.၆.၂၀၂၂ မှ ၂၉.၆.၂၀၂၂ထိ) ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်ငြိမ်းချမ်းဝင်း