မြို့သစ် ဇွန် ၂၅
မကွေးတိုင်းဒေသကြီးမကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ခရိုငဦးစီးမှူး)မှမြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြခဲ့ပြီး မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီမှ ဖလံတိုင်းကျေးရွာ အုပ်စုကြီးကြပ်မှုကော်မတီသို့ ရန်ပုံငွေကျပ်သိန်း (၃၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုငဦးစီးမှူး၊ ဒေါက်တာလှလှပြုံး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ရက်ကျေးမြစိမ်းရောင်(အသားကဏ္ဍ)ကော်မတီအဖွဲ့ဝင် စုစုပေါင်း(၂၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)