တောင်ကြီး ဇွန် ၂၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဆွမ်မီကျောင်းတိုက် ပဓာနနာယဆရာတော်ဘုရားကြီး သက်တော်(၉၁)နှစ် ဝါတော်(၄၁)ဝါရှိ ဘဝနတ်ထံပျံလွန်တော်မူသွားသော ဘဒ္ဒန္တကောသလ္လရုပ်ကလပ်တော်အားသွားရောက် ဖူးမြော်ကြသည်။
ဆက်လက်၍ ဘဝနတ်ထံပျံလွန်တော်မူသွားသော ဟိုပုံးမြို့ ဆွမ်မီကျောင်းတိုက် ပဓာန နာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောသလအား ရည်စူး၍ အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း (၃၀) ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍ လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေးမှ အလှူငွေကျပ်(၃)သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အသီးသီး ပေးအပ်လှူဒါန်း ပေးကြရာ ဆွမ်မီကျောင်းတိုက်မှ တာဝန်ရှိသူတစ်ဦးကလက်ခံရယူပြီး ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကနေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)