အုတ်ဖိုမြို့ ပါတီဖြတ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၉၅)ရာခိုင်နှုန်းပြီးစီး

အုတ်ဖို ဇွန် ၂၇

ဒေသခံပြည်သူများသွားလာရေးလွယ်ကူစေရန်နှင့် မြို့တော်သာယာလှပရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ပါတီဖြတ်လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုဆ ောင်ရွက်လျက်ရှိရာ (၉၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းမှာ ယခင်ကကတ္တရာလမ်းဖြစ်ပြီး ပေါက်ပြဲနေပြီဖြစ်သဖြင့် ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် မြို့တော်သာယာလှပရေးအတွက် အရှည်(၃၁၀)ပေ၊ အကျယ်(၁၈)ပေ၊ အမြင့်(၈)လက်မရှိ ကွန်ကရစ်လမ်းကိုခင်းခြင်းဖြစ်ကြောင်း ရာနှုန်းပြည့်ပြီးစီးပါက ၎င်းလမ်းအားအသုံးပြုလျက်ရှိသည့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှသိရသည်။

အောင်သူ