ကွတ်ခိုင် ဇွန် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တောင်သူဦးကျိန်တဲ့ဖူးတို့ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၂ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် (နေပီယာမြက်)လက်တွေ့ သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ကဒေသခံ တောင်သူ ဦးကျိန်တဲ့ဖူး၏ ယာမြေ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်အစာပင် (နေပီယာမြက်)လက်တွေ့ သရုပ်ပြပွဲတွင် ကွတ်ခိုင်မြို့နယ်မွေးမြူရေးနှင့်ကုယရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ ဒေါက်တာသန်းထွန်းလင်းက အရည်အသွေးမြင့် မြက်ခင်းများ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် မွေးမြူကာလလျှော့ချနိုင်ကာ အချိန်တိုအတွင်း အကျိုးအမြက်ရနိုင်ခြင်း၊ မိုးရာသီပိုလျှံမြက်များကို မြက်ချဉ်ဖက်ပြုလုပ်သိမ်းဆည်းပြီး အစာရှားပါးသည့် ရာသီရောက်မှ ကျွေးမွေးခြင်းဖြင့် အာဟာရပြက်လတ်မှုမရှိဘဲကြီးထွားနိုင်ခြင်း၊ နွးချေးသဘာဝ မြေသြဇာပိုမိုရရှိပြီး စျေးနှုန်းမြင့်မားသည့် ဓာတ်မြေသြဇာအသုံးပြုမှုလျှော့ချနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဝန်ထမ်းများတက်ရောက်ကြပြီး မန်နောင်ကျေးရွာမှ တောင်သူများကလည်း လာရောက်လေ့လာခဲ့ကြရာ တက်ရောက်လာကြသည့် တောင်သူများအား နေပီယာမြက်စိုက်နည်း၊ မြက်ချဉ်ဖက်ပြုလုပ်နည်း လက်ကမ်းစာစောင်နှင့် နေပီယာမြက်မျိုးများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)