သံတွဲ ဇွန် ၂၇
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်၂၀၂၂ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်"သတင်းစကား" လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သော စာစီစာကုံး ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများအား (အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ "သတင်းစကား" လက်ကမ်း စာစောင်တွင် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ပြဿနာနှင့် ဖွံဖြိုးတိုးတက်ရေး၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ် နည်းဗျူဟာ(၃)ရပ်နှင့် ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်ရေး စသည်တို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများပါဝင်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)