မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာပေါင်းမြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များမှ ကျွန်း၊ ပျဉ်ကတိုး၊ မဟော်ဂနီ သစ်ပင်များ စိုက်ပျိုး

သာပေါင်း ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန် (ကညင်ချောင်း) ကျောင်းဝန်း အတွင်းတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များမှ ကျွန်း၊ ပျဉ်ကတိုး၊ မဟော်ဂနီသစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲကို အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း အခြေခံမူလတန်းလွန် ကျောင်းဝန်းအတွင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတို့မှ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီသစ်ပင် (၂၃၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း