မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့်  Online Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန  Community Centre  ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဆွေးနွေးသူများဖြစ်သည့် ဦးကျော်သူဟိန်း (ဦးစီးအရာရှိ)နှင့် ဒေါ်စန်းကြည် (မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း) တို့က ဇူလိုင်လ (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို အဖြစ် မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများဘဝလုံခြုံရေး၊ ဝတ်စားဆင်ယင်မှုများ၊ မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များဖြင့် အမျိုးသမီးများဘဝ တိုးတက်ဖွံ့ဖြိုးစေရေး လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှ တစ်ဆင့်ထုတ်လွှင့် တင်ဆက် ပေးသွားမည်ဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ရရှိစေရေးအတွက် Talk Show အစီအစဥ်များကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ် (ပြန်ဆက်)