လှိုင်သာယာ(အနောက်ပိုင်း) မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင် ယမန်နေ့က ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ဦးစီးမှူးရုံးမှ ဒုတိယလဝကမှူး ဦးအောင်ခင်ဦးနှင့် အဖွဲ့ဝင်များက အမှတ် (၁၉) ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသူများကို ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေး၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈) ခုအား ပြည်သူလက်ဝယ်အရောက်ပေးအပ်ခဲ့၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးရုံးမှ သိရသည်။
သိန်းသိန်း(လှိုင်သာယာအနောက်)