တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် သုတ၊ ရသစာအုပ်များကို ဖဆပလ စာကြည့်တိုက်သို့ ထပ်ဆင့်လှူဒါန်းပေးအပ်

ရန်ကုန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့်  ရရှိလာသော သုတ၊ ရသ စာအုပ်များကို  မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက ဖဆပလ စာကြည့်တိုက်သို့ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် စာအုပ်စာစောင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ကွက်ကျေးရွာစာကြည့်တိုက်(၁၂၀) အတွက် တစ်တိုက်လျှင် သုတ၊ ရသစာအုပ်(၂၇၃)အုပ်နှုန်းဖြင့် စာအုပ်ပေါင်း (၃၂၇၆၀) အုပ်ကို ဧပြီလ ၂၂ ရက်နေ့က အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် အခမ်းအနားဖြင့် လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်စာကြည့်တိုက်သို့ ထပ်ဆင့်ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် "ဖဆပလစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းရရှိမှုအပေါ် လွန်စွာ၀မ်းမြောက်ပါကြောင်းနှင့် အခွင့်အခါပေးခဲ့မယ်ဆိုလျှင် စာကြည့်တိုက်နှင့်ပက်သက်သည့် ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်လိုပါကြောင်း" မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ရူပါသိမ်းက အမှားစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်းက ကော်မတီ အနေဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဖဆပလ စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ရီက စာအုပ်များ လှူဒါန်းပေးအပ်ခြင်းနှင့် ပက်သက်၍ ကျေးဇူးတင်ကြောင်းနှင့်

စာကြည့်တိုက်၏ အခြေအနေများကိုဆွေးနွေးတင်ပြရာ ဥက္ကဋ္ဌ ဒေါ်ရူပါသိမ်းက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပက်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သုတရသ စာအုပ်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်သူဟိန်း