နည်းပညာတက္ကသိုလ် (မန္တလေး)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပုသိမ်ကြီး မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါတက္ကသိုလ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများနှင့် မိဘများက နည်းပညာတက္ကသိုလ် (မန္တလေး)၏ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ ပါဝင်သော Power Point Slite အား ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများမှ တစ်ဦးချင်းကြိုဆိုမိတ်ဆက်စကား ပြောကြားခဲ့ပြီး၊ ပါမောက္ခချုပ်(တာဝန်)ဒေါက်တာစုယဉ်ဝင်းက အဆိုပါ တက္ကသိုလ်သို့ တက်ရောက်ကြမည့် မောင်မယ်သစ်လွင်များအား မိတ်ဆက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများနှင့် မိဘများမှကျောင်းဆိုင်ရာအကြံပြုချက်များ ဆွေးနွေးပြောကြားပြီး၊ ကျောင်းသားကျောင်းသူများအား စာသင်ကြားခြင်း၊ ဘာသာရပ်ဆိုင်ရာများအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများလေ့လာကြည့်ရှုခြင်းနှင့် ဘာသာရပ်ဆိုင်ရာ လက်တွေ့ခန်းများသို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)